အသေးစား ငွေကြေးလုပ်ငန်းအတွက် တိကျတဲ့အဓိပ္ပါယ်ကို မတွေ့ရပေမယ့် ၎င်းရဲ့အဓိပ္ပါယ်ကို “နည်းပါးသော ငွေပမာဏကို ဘဏ်လုပ်ငန်းနှင့် မထိတွေ့နိုင်သည့် နွမ်းပါးသော လုပ်ငန်းရှင်များနှင့် လုပ်ငန်းငယ်များကို ငွေရေးကြေးရေး ဝန်ဆောင်မှုပေးခြင်း” ဟု ဖွင့်ဆိုထားတာကို တွေ့ရပါတယ်…ထိုသို့ဝန်ဆောင်မှုပေးရာတွင် တစ်ဦးတစ်ယောက်ချင်း ဝန်ဆောင်မှုနှင့် အဖွဲ့လိုက်ဝန်ဆောင်မှုဆိုပြီး နည်းလမ်း (၂)မျိုးရှိပါတယ်… တစ်ဦးတစ်ယောက်ချင်း ဝန်ဆောင်မှုမှာ တစ်ဦးတစ်ယောက်ချင်းဆီကို ရင်းနီးမှု၊ ယုံကြည်ရမှုအရ ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး၊ အဖွဲ့လိုက်ဝန်ဆောင်မှုကတော့ ဝန်ဆောင်မှုရယူလိုသူတွေက အုပ်စုလိုက် အပြန်အလှန် အာမခံခြင်းစနစ်ဖြင့် ချေးငွေဝန်ဆောင်မှုကို လျောက်ထားနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်…ယနေ့ခေတ်မှာတော့ ငွေကြေးဝန်ဆောင်မှုတွေကိုရယူဖို့ နွမ်းပါးသူတွေနဲ့ ဘဏ်ဝန်ဆောင်မှုတွေကို လက်လှမ်းမမီသူတွေအတွက် လက်လှမ်းမီအောင် ဖန်တီးပေးတဲ့ အဖွဲ့အစည်းတွေလည်း အများအပြား ပေါ်ပေါက်လို့လာနေပါပြီ…ငွေကြေးဆိုင်ရာ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများဟု ဆိုရာတွင် ငွေစုခြင်း၊ အာမခံလုပ်ငန်း၊ ငွေပေးချေခြင်းဝန်ဆောင်မှုနဲ့ ငွေလွှဲခြင်းတွေပါဝင်ပြီး အသေးစားငွေကြေးလုပ်ငန်းတွင် အသေးစားချေးငွေလုပ်ငန်းအပြင် အမျိုးမျိုးသော ဝန်ဆောင်မှုများပါဝင်တယ်… အသေးစားချေးငွေသည် ငွေကြေးမပြည့်စုံသူတွေကို ချေးငွေဝန်ဆောင်မှု ပေးခြင်းသာဖြစ်ပြီး ငွေရေးကြေးရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပါတယ်…ဒီလိုဗဟုသုတရစရာအကြောင်းတွေ မျှဝေပေးဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှု အားပေးကြပါဦးနော်…