Join our team. Are you ready to grow up your business? Find out more

Author Archives: admin

ATM နဲ့ ကျွန်တော်တို့ အတွက် လုံခြုံမှု

ATM ဆိုတာ ဘာလဲ…
Automated Teller Machine လို့ခေါ်တဲ့ ဘဏ်မှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ အကောင့်တခုခုနဲ့ချိတ်ဆက်ပြီး စက်ကနေ ငွေကြေးထုတ်ယူသုံးစွဲနိုင်တဲ့ ATM Card လို့ခေါ်ပါတယ်…

နီးစပ်ရာမှာထုတ်မယ်ဆို…
ဘဏ်နဲ့ အနီးဆုံးနေရာမှာရှိမနေတဲ့ စျေးဝယ်စင်တာ၊ စျေးဆိုင်တွေက ATM စက်တွေကနေ ကျွန်တော်တို့ပိုက်ဆံ ထုတ်လေ့ရှိကြပါတယ်၊ ဒီလိုထုတ်မယ်ဆို ဘာတွေသိထားရမလဲ…ကြည့်ကြရအောင်…

၁) စစ်ဆေးပါ
ATM စက်မှ ပိုက်ဆံမထုတ်ခင် ကဒ်ထည့်ရမယ့်နေရာမှာအမှတ်အသားတခုခု ပြုလုပ်ထားမျိုး၊ ဥပမာ PIN Pad မှာ လက်ဗွေခြေရာခံနိုင်အောင်လုပ်ထားခြင်း စသည်တို့ကိုသတိပြုသင့်ပါတယ်…

၂) လေ့လာပါ
အဓိကကတော့ Camera ပုန်းတွေရှိမရှိလေ့လာပါ၊ လုံခြုံရေးအတွက် ဘဏ်ကထားပေးတဲ့ Camera တွေက ထင်ရှားပြတ်သားစွာမြင်ရပါတယ်၊ Camera ပုန်းတွေကနေလည်း သင့်ရဲ့ Card နံပါတ်နဲ့ Password တွေသိ သွားနိုင်ပါတယ်၊
PIN နှိပ်တဲ့အခါမှာ လည်း ဂရုမပြုဘဲအလွယ်တကူနှိပ်တာမျိုးရှောင်သင့်ပါတယ်…

၃) အကြောင်းကြားပါ
အပေါ်က အချက်တွေကိုသတိထားပြီးမလုပ်ဆောင်မိဘူးဆိုရင် သင့် ATM Card ကို တော့အမြဲစစ်ပေးပါ၊ သင်က Credit နဲ့ ချိတ်ထားတယ် Credit Card မှာ သင်မသုံးဘဲ ငွေထုတ်ယူကြောင်း၊ စျေးဝယ်ကြောင်းပြလာပြီးဆိုရင် ဘဏ်ကိုအမြန်ဆုံးအေ ကြာင်းကြားပေးပါ၊ လူစည်ကားရာ စျေးဝယ်စင်တာ၊ စျေးဆိုင်၊ လေဆိပ်နဲ့ မှုခင်းဖြစ်ပွားတတ်တဲ့ နေရာတွေမှာ ATM Card သုံးစွဲခြင်းကို ရှောင်ကြဉ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ…
သင့် ATM Card အတွက် လုံခြုံစွာသုံးစွဲပုံတွေပြောပြီပြီးဆိုတော့ ငွေကြေးဆိုင်ရာအချက်အလက်များကို ဆက်လက်မျှဝေပေးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး…

အသေးစားငွေကြေးလုပ်ငန်းအကြောင်း

အသေးစား ငွေကြေးလုပ်ငန်းအတွက် တိကျတဲ့အဓိပ္ပါယ်ကို မတွေ့ရပေမယ့် ၎င်းရဲ့အဓိပ္ပါယ်ကို “နည်းပါးသော ငွေပမာဏကို ဘဏ်လုပ်ငန်းနှင့် မထိတွေ့နိုင်သည့် နွမ်းပါးသော လုပ်ငန်းရှင်များနှင့် လုပ်ငန်းငယ်များကို ငွေရေးကြေးရေး ဝန်ဆောင်မှုပေးခြင်း” ဟု ဖွင့်ဆိုထားတာကို တွေ့ရပါတယ်…ထိုသို့ဝန်ဆောင်မှုပေးရာတွင် တစ်ဦးတစ်ယောက်ချင်း ဝန်ဆောင်မှုနှင့် အဖွဲ့လိုက်ဝန်ဆောင်မှုဆိုပြီး နည်းလမ်း (၂)မျိုးရှိပါတယ်… တစ်ဦးတစ်ယောက်ချင်း ဝန်ဆောင်မှုမှာ တစ်ဦးတစ်ယောက်ချင်းဆီကို ရင်းနီးမှု၊ ယုံကြည်ရမှုအရ ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး၊ အဖွဲ့လိုက်ဝန်ဆောင်မှုကတော့ ဝန်ဆောင်မှုရယူလိုသူတွေက အုပ်စုလိုက် အပြန်အလှန် အာမခံခြင်းစနစ်ဖြင့် ချေးငွေဝန်ဆောင်မှုကို လျောက်ထားနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်…ယနေ့ခေတ်မှာတော့ ငွေကြေးဝန်ဆောင်မှုတွေကိုရယူဖို့ နွမ်းပါးသူတွေနဲ့ ဘဏ်ဝန်ဆောင်မှုတွေကို လက်လှမ်းမမီသူတွေအတွက် လက်လှမ်းမီအောင် ဖန်တီးပေးတဲ့ အဖွဲ့အစည်းတွေလည်း အများအပြား ပေါ်ပေါက်လို့လာနေပါပြီ…ငွေကြေးဆိုင်ရာ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများဟု ဆိုရာတွင် ငွေစုခြင်း၊ အာမခံလုပ်ငန်း၊ ငွေပေးချေခြင်းဝန်ဆောင်မှုနဲ့ ငွေလွှဲခြင်းတွေပါဝင်ပြီး အသေးစားငွေကြေးလုပ်ငန်းတွင် အသေးစားချေးငွေလုပ်ငန်းအပြင် အမျိုးမျိုးသော ဝန်ဆောင်မှုများပါဝင်တယ်… အသေးစားချေးငွေသည် ငွေကြေးမပြည့်စုံသူတွေကို ချေးငွေဝန်ဆောင်မှု ပေးခြင်းသာဖြစ်ပြီး ငွေရေးကြေးရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပါတယ်…ဒီလိုဗဟုသုတရစရာအကြောင်းတွေ မျှဝေပေးဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှု အားပေးကြပါဦးနော်…

ကြွေးမြီကင်းရှင်း ပြုံးပျော်ရွှင်ဖို့အချက် (၃)ချက်…

သင့် အမူအကျင့်လေးတွေအနည်းငယ်ပြောင်းလဲလိုက်ရုံနဲ့ အကြွေးကင်းရှင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ဘဝကို တည်ဆောက်နိုင်မယ့် အချက်လေးတွေ စပြီးအလေ့အကျင့်လုပ်ကြည့်ရအောင်…

၁) အသုံးစရိတ်လျော့ချမယ်
ပထမဆုံး ဝင်ငွေတခုတည်းနဲ့ မရပ်တည်ပါနဲ့၊ လစာဝင်နေတဲ့အလုပ်တခုအပြင် ကိုယ့်အသုံးစရိတ်ကို အနည်းငယ်လောက်ပဲဖြစ်ဖြစ် ထောက်ပံ့ပေးနိုင်တဲ့ အလုပ်တခုကိုတွဲလုပ်ပါ၊ သင့် အသားတင်လစာထဲကမဟုတ်ပဲ အသုံးစရိတ်ကို ရရှိတဲ့အပိုဝင်ငွေ အနည်းငယ်နဲ့စသုံးကြည့်ပါ၊ ဒါက သင့်ကို အပိုအသုံးစရိတ်တွေကို တဖြည်းဖြည်း လျော့ချနိုင်အောင် ကူညီပေးပါလိမ့်မယ်...

၂) အတိုးနှုန်းကြည့်ပြီးငွေချေးပါ
ငွေချေးမယ်ဆို အလျင်စလိုမချေးမိပါစေနဲ့၊ သက်သာတဲ့အတိုးနှုန်းကိုသာ လိုက်ရှာပြီးချေးသင့်ပါတယ်၊ အတိုးနှုန်း
သက်သာခြင်းက သင့်ကို ငွေအပိုထွက်လာစေပါလိမ့်မယ်…

၃) မလိုအပ်ပဲ အကြွေးမယူနဲ့
သင့်မှာရှိတဲ့ပိုက်ဆံကို မျှတစွာသုံးစွာတတ်အောင်ကျင့်သုံးပါ၊ မလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့၊ အတိုင်းအတာထက်
ကျော်လွန်တဲ့အပျော်အပါးအတွက် ငွေသုံးစွဲမှုတွေကြောင့် သီးသန့်အကြွေးယူခြင်းကိုရှောင်ရှားပါ၊ ပထမဆုံး အရံအတားအနေနဲ့ အကြွေးတွေ လျော့ချဖို့ အကြွေးမယူခြင်းက စတင်နိုင်ပါပြီး
ဒီနေ့ မှာ တော့ ဝင်ငွေ အတွက်နဲ့ ကြွေးမြီဘယ်လိုချေးမလဲဆိုတဲ့ နည်းလမ်းတွေပြောပြပေးခဲ့တာဖြစ်ပြီး နောက်တပတ်မှာတော့ ကြွေးမြီကင်းရှင်းပြုံးပျော်နိုင်ဖို့ နည်းလမ်း တွေကို ထပ်ပြောပြပေးဦးမှာဆိုတော့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…

 

ချေးငွေဆိုသည်မှာ…

ချေးငွေဆိုတာ ငွေကြေးဈေးကွက်၏ ဘဏ္ဍာရေးဝန်ဆောင်မှု အမျိုးအစားဖြစ်ပြီး တစ်စုံတစ်ယောက်မှ အခြားလူ (သို့) အဖွဲ့အစည်းများသို့လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုမှ တစ်စုံတစ်ယောက် (သို့) အဖွဲ့အစည်းများသို့လည်းကောင်း ငွေထုတ်ချေးခြင်းကိုဆိုလိုပါသည်…

ချေးငွေ စတင်ယူပြီးဆိုတာနှင့် ချေးငွေယူသူက အကြွေးပေါ်မှာ ကျသင့်သည့် အတိုးနှုန်းကို ပေးရန်တာဝန်ရှိပြီး ချေးထားသည့် ပမာဏအတိုင်း သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ပြန်လည်ပေးချေရပါမည်…

ချေးငွေ ချေးယူခြင်းအတွက် အခကြေးငွေတစ်ခုရှိပြီး ထိုအခကြေးငွေကို အတိုးဟု ဆိုလိုပါသည်… ထုတ်ချေးသူအတွက် ချေးငွေအပေါ်ရရှိသော မက်လုံးတစ်ခုပဲ ဖြစ်ပါသည်…

တရားဝင် ငွေချေးခြင်းတွေမှာတော့ ပေးဆပ်ရမည့်အရာများနှင့် ကန့်သက်ချက်များကို စာချုပ်အားဖြင့် ခိုင်မာစေပြီး ချေးယူသူအတွက် ပြန်ဆပ်ရန် ကတိကဝတ် တစ်ခုလည်း ဖြစ်စေပါသည်…

ချေးငွေကို သတ်မှတ်စည်းမျဉ်းအတိုင်းသာ ထုတ်ချေးခွင့်ရှိတာဖြစ်ပြီး ထုတ်ချေးသူနဲ့ ချေးယူသူအကြား ချေးငွေနှင့် ပတ်သတ်သည့် စာချုုပ်စာတမ်းများ၊ ငွေချေးသူ၏ ပိုင်ဆိုင်မှုအထောက်အထားများ စသည်တို့ကိုပါ ထည့်သွင်းချုပ်ဆိုရပါမည်…

ချေးငွေများကို လူတစ်ဦးတစ်ယောက်၊ ကော်ပိုရေးရှင်းကြီးတွေ၊ ဘဏ္ဍာရေး အဖွဲ့အစည်းတွေနှင့် အစိုးရတို့ထံမှ ရရှိနိုင်ပါသည်… ထို့အပြင် စီးပွားရေးလောကအတွင်း ငွေကြေးထောက်ပံ့ရေး လမ်းကြောင်းတစ်ခုအဖြစ်ရရှိနိုင်ပါသည်…

ချေးငွေအပေါ်ပေးရသော ဝန်ဆောင်ခနှင့် အတိုးများမှာ ဘဏ်နှင့် ဘဏ်များ ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းများ အတွက် အဓိကဝင်ငွေတစ်ခုလည်း ဖြစ်ပါသည်…

အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု

အာမခံထားခြင်းက သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ရဲ့လား?? လူနေမှုဘဝအတွက် နေ့စဉ်ငွေရှာနေရသလို ရှာဖွေစုဆောင်းထားတဲ့ငွေတွေကိုလည်း ပိုမိုတိုးပွားလာအောင် သင့်တော်တဲ့ရင်းနှီးမြှုပ်မှုတော့ ပြုလုပ်ဖို့လိုအပ်ပါတယ်… ငွေကြေးကို ရင်းနှီးမြှုပ်နှံနိုင်မယ့် နည်းလမ်းတွေအများကြီးထဲကမှ လူတိုင်းအတွက်အကျိုးရှိပြီး သင့်တော်မယ့် နည်းလမ်းတစ်ခုတော့ရှိပါတယ်… အဲ့ဒါကတော့ အာမခံထားခြင်းပါပဲ…

ဘာကြောင့်အာမခံထားသင့်တာလဲ? အာမခံထားခြင်းဖြင့် သင့်နဲ့သင့်မိသားစုရဲ့ စီးပွားရေးလုပ်ငန်း အစီအစဉ်တွေကိုပါ တစိတ်တပိုင်းနေနဲ့ အကျိုးပြုနေတဲ့အပြင် အခွန်ငွေကိုလည်းချွေတာရာရောက်ပါတယ်… အာမခံဝန်ဆောင်မှု ဘယ်အမျိုးအစားကိုမဆို ရွေးချယ်လိုက်တာနဲ့ အခွန်ငွေလည်း ချွေတာပြီးသားဖြစ်စေပါတယ်…
အာမခံထားခြင်းက ငွေကိုစုဆောင်းဖြစ်စေဖု့ိ အဓိကလက်နက်နဲ့ အရင်းအမြစ်တစ်ခုပဲဖြစ်ပါတယ်… ဒါ့အပြင် သင့်ဘဝရဲ့ လက်တွေ့ကျတဲ့ ငွေစုဘူးဖြစ်တဲ့အတွက် အာမခံထားခြင်းထဲမှာ ငွေကိုရင်းနှီးမြှုပ်နှံပြီး စုဆောင်းသင့်ပါတယ်…

လူဆိုတာ သက်တမ်းတစ်လျှောက် နေထိုင်ရင်းနဲ့ မမျှော်လင့်ဘဲကြေကွဲဖွယ် အဖြစ်ဆိုးတွေနဲ့ကြုံတွေ့နိုင်ပြီး သေခြင်းတရားကို ဘယ်သူမှမရှောင်နိုင်ကြပါဘူး… အကယ်၍ အာမခံတစ်ခုခုကို ယူထားခဲ့မယ်ဆိုရင် သောကကင်းဝေးပြီး စိတ်အေးချမ်းသာခြင်းကိုဖြစ်စေမှာ အသေအချာပါပဲ…

ကျွန်တော်ပြောပြခဲ့တဲ့ အာမခံယူထားခြင်းရဲ့ ကောင်းကျိုးတွေကိုသိရှိသွားပြီဆိုရင် အာမခံမယူရသေးရဲ့မိတ်ဆွေတွေလည်း ဘဝအတွက်လုံခြုံစိတ်ချရမယ့် အာမခံတစ်ခုခုကိုရယူထားဖို့ အကြံပြုတင်ပြလိုက်ရပါတယ်…

တစ်ဦးချင်းဝင်ငွေမှသည် မိသားစုဝင်ငွေ တိုးခြင်းဆီသို့

သင့် မိသားစုအသုံးစရိတ်၊ စားဝတ်နေရေး၊ ပညာရေးနဲ့ စောင့်ရှောက်ဖို့အတွက် ငွေကြေးလိုအပ်ပါတယ်၊ လူမှုဘဝ အတွက် ဝင်ငွေကို ပြန်လည်တွက်ချက်ပြီး အသုံးစရိတ်ချွေတာဖို့အတွက် စုဆောင်းဖို့အတွက် အဓိက အချက် (၃)ချက်ကို ပြောပြပေး ချင်ပါတယ်..

၁) ဝင်ငွေတွက်ချက်ခြင်း
တစ်လချင်းစီ ဝင်လာတဲ့ ဝင်ငွေအပေါ် တစ်ဦးချင်းဝင်ငွေခွန်၊ လူမှုဖူလုံရေး ငွေပေးချေမှု၊ ကလေးစရိတ်ကုန်ကျငွေ၊ လျှပ်စစ်ဓာတ်အားခ တွေကို နှုတ်ပြီးပြီဆိုရင်တော့ သုံးခွင့်ရတဲ့လစဉ်ဝင်ငွေ ကျန်ရှိပါလိမ့်မယ်..

၂) ကုန်ကျစရိတ်တွက်ချက်ခြင်း
သင့်ရဲ့ လစဉ်ဝင်ငွေစာရင်းရရှိပြီးဆိုရင် အလေအလွင့်မရှိအောင်သုံးစွဲတတ်ဖို့ လိုအပ်လာပါပြီ၊ ပထမဆုံးအနေနဲ့ ကုန်ကျ စရိတ်ကို စာရင်းလုပ်ပါ၊၊ အိမ်ထောင်စုမှာရှိတဲ့ သူတွေရဲ့ တစ်ဦးချင်း တနေ့တာအသုံးစရိတ်ကို ခွဲခြားမှတ်သားပါ၊ သင့်မိသားစု အသုံးပြုလိုက်ရတဲ့ အပိုငွေကြေးတွေကို ထည့်ပေါင်းတွက်ပါ၊ ဒါဆိုရင်တေ့ာ သင့်ရဲ့ တစ်လစာချင်းစီ အသုံးစရိတ်ထွက်လာ လာပါပြီ…

၃) စုဆောင်းခြင်း
သင့် ဝင်ငွေရဲ့သုံးပုံပုံတစ်ပုံကိုစုဆောင်းသင့်ပါတယ်၊ သင်ရရှိတဲ့ဝင်ငွေထက် ပိုသုံးစွဲရင် အကြွးတွေနဲ့ သံသရာလည် နေပါလိမ့်မယ်၊ ဝင်ငွေထဲနေ ကုန်ကျစရိတ်ကိုနှုတ်ပြီး ချွေတာသုံးစွဲပြီး စုဆောင်းဖို့ ပိုပြီးကြိုးစားဖြစ်မယ်ဆိုရင်တော့ ဝင်ငွေတိုးပွား လာပါလိမ့်မယ်…

သင့် တစ်ဘဝလုံးအတွက် ငွေကြေးဆိုင်ရာ အကျိုးရှိရှိအသုံးချပုံများကို ဖော်ပြပေးဦးမှာဖြစ်လို့စောင့်မျှော်ဖတ်ရှုပေးကြပါနော်..........