ချေးငွေဆိုတာ ငွေကြေးဈေးကွက်၏ ဘဏ္ဍာရေးဝန်ဆောင်မှု အမျိုးအစားဖြစ်ပြီး တစ်စုံတစ်ယောက်မှ အခြားလူ (သို့) အဖွဲ့အစည်းများသို့လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုမှ တစ်စုံတစ်ယောက် (သို့) အဖွဲ့အစည်းများသို့လည်းကောင်း ငွေထုတ်ချေးခြင်းကိုဆိုလိုပါသည်…
ချေးငွေ စတင်ယူပြီးဆိုတာနှင့် ချေးငွေယူသူက အကြွေးပေါ်မှာ ကျသင့်သည့် အတိုးနှုန်းကို ပေးရန်တာဝန်ရှိပြီး ချေးထားသည့် ပမာဏအတိုင်း သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ပြန်လည်ပေးချေရပါမည်…
ချေးငွေ ချေးယူခြင်းအတွက် အခကြေးငွေတစ်ခုရှိပြီး ထိုအခကြေးငွေကို အတိုးဟု ဆိုလိုပါသည်… ထုတ်ချေးသူအတွက် ချေးငွေအပေါ်ရရှိသော မက်လုံးတစ်ခုပဲ ဖြစ်ပါသည်…
တရားဝင် ငွေချေးခြင်းတွေမှာတော့ ပေးဆပ်ရမည့်အရာများနှင့် ကန့်သက်ချက်များကို စာချုပ်အားဖြင့် ခိုင်မာစေပြီး ချေးယူသူအတွက် ပြန်ဆပ်ရန် ကတိကဝတ် တစ်ခုလည်း ဖြစ်စေပါသည်…
ချေးငွေကို သတ်မှတ်စည်းမျဉ်းအတိုင်းသာ ထုတ်ချေးခွင့်ရှိတာဖြစ်ပြီး ထုတ်ချေးသူနဲ့ ချေးယူသူအကြား ချေးငွေနှင့် ပတ်သတ်သည့် စာချုုပ်စာတမ်းများ၊ ငွေချေးသူ၏ ပိုင်ဆိုင်မှုအထောက်အထားများ စသည်တို့ကိုပါ ထည့်သွင်းချုပ်ဆိုရပါမည်…
ချေးငွေများကို လူတစ်ဦးတစ်ယောက်၊ ကော်ပိုရေးရှင်းကြီးတွေ၊ ဘဏ္ဍာရေး အဖွဲ့အစည်းတွေနှင့် အစိုးရတို့ထံမှ ရရှိနိုင်ပါသည်… ထို့အပြင် စီးပွားရေးလောကအတွင်း ငွေကြေးထောက်ပံ့ရေး လမ်းကြောင်းတစ်ခုအဖြစ်ရရှိနိုင်ပါသည်…
ချေးငွေအပေါ်ပေးရသော ဝန်ဆောင်ခနှင့် အတိုးများမှာ ဘဏ်နှင့် ဘဏ်များ ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းများ အတွက် အဓိကဝင်ငွေတစ်ခုလည်း ဖြစ်ပါသည်…